စစ်အစိုးရလက်ကနိန် အာဏာလက်လွှဲယူလိုက်တေ သမ္မတဦးသိန်းစိန်က အဂုဆိုကေ တိုင်းပြည်က အပြောင်း အလဲဖြစ်နိန်ဗျာယ်လို့ ပြောရေပိုင် ဒီမိုကရေစီအတိုက်ခံအင်အားစု ဘက်တော်သား တချို့ကလည်း အပြောင်း အလဲဖြစ်ဖို့စနိန်ဗျာယ် အပြောင်းအလဲဖြစ်ဖို့အခြေအနေကို ရောက်နိန်ဗျာယ်ဆိုပနာ ပြောဆိုသံတိကို ကြားရ၊ ဖတ်ရ လိုက်ပါရေ။ ဒေနေရာမှာသာမန်အားဖြင့်ကြည့်ကေတော့ ဟုတ်တေလို့ ယုံနိုင်၊ ထင်နိုင်ကေလေ့ တကယ်လက်တွိ့ဖြစ်စဉ်မှာ ကျွန်တော်ရို့ ရခိုင်ပြည်သူတိအတွက် အမှန်တကယ် တိုးတက်ပြောင်း လဲမှုတိက ဖြစ်ပေါ်နိန်ဗျာယ်လာ ပြောင်းလဲဖို့ အစပြုနိန်ဗျာယ်လာဆိုစော်ကို ရခိုင်သူ/သားတိုင်း ဝေဖန်စိုင်းစား သုံးသပ်ဖို့ လိုအပ်တေလို့ စာရွီးသူအနေနန့် မြင်ပါရေ။တကယ်လို့ အမှန်တကယ်ပြောင်းလဲမှုတိ ဖြစ်ပေါ်နိန်ဗျာယ်ဆိုကေ ပြည်သူတိအတွက် အမှန်တကယ် လိုအပ်နိန်ရေ ကဏ္ဍတိကို အဓိပ္ပါယ်ဟိဟိ ပြောင်းလဲဖို့လိုပါရေ။ ဟန်ပြ ပြောင်း လဲမှုတိနန့် စကားလုံးအသုံး အနှုန်းတိ ပြောင်းလဲမှုဆိုစော်က တကယ့်လက်တွိ့ကျရေ လိုအပ်ချက်တိမဟုတ်ပါ။ ဥပမာအားဖြင့်ပြောရကေ အယင်က မဟိခဖူးရေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်၊ လွှတ်တော်အမှတ် စသည်အားဖြင့်တိ ပေါ်ပေါက် လာစော်ရေ အပေါ်ယံအားဖြင့် ပြောင်းလဲမှုရာဖြစ်ပါရေ။ တကယ်တမ်း ရခိုင်ပြည်နယ်အစိုးအဖွဲ့ ဖွဲ့ထားကေလေ့ ယင်းအစိုးရ တရပ်အနေနန့် ရခိုင်ပြည်သူတိ၏ဘဝ တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်ပီးနိုင်စော်မဟိဆို ကေ အယင်ကအတိုင်းနန့် မခြားနားပါ။
အဂုဆိုကေ ရခိုင်ပြည်က မြို့တချို့မှာ လျှပ်စစ်မီးတိ အချိန်အပိုတိုးပီးနိန်ရေပိုင် စစ်တွေမြို့မှာဆိုကေ နိပါ ညဥ့်ပါ လျှပ်စစ်မီးရဟိနိန်စော်ကို တွိ့ရပါရေ။ ဒေချင့်ကို အပေါင်းလက္ခဏာ ပြောင်းလဲမှုတခုလို့ ထင်မြင်ယူဆနိုင်ရေပိုင် ပြောင်းလဲမှု တစိတ်တပိုင်းလို့ မြင်တွေးနိုင်ပါရေ။ စာရွီးသူအနိန်နန့်လည်း ယင်းအချိန်က ဒေပုံစံအတိုင်း မြင်မိ ခပါရေ။ ယကေလေ့ လက်တွိ့အားဖြင့် စိုင်းစားကြည့်လိုက်တေခါ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများစော် ကို တွိ့လာရပါရေ။ လျှပ်စစ်မီးရေ အဂုခတ်မှာ နေရာတိုင်း လူတိုင်းအတွက် လိုအပ်တေ အရာတခုဖြစ်ကေလေ့ ယင်းလျှပ်စစ်မီးကို သုံးစွဲနိုင်ဖို့အတွက် ငွေကြေးအဆင်ပြေမှုဟိဖို့လိုအပ်ပါရေ။
တခြားနိုင်ငံတိမှာလေ့ ပြည်သူလူထုတိ သုံးစွဲနိုင်အောင် သင့်တော်ရေအနေအထားတခုကို သက်ဆိုင်ရေ အစိုးရတိက ဖန်တီးထားကတ်ပါရေ။ အဂု ရခိုင်ပြည်မှာ လျှပ်စစ်မီးရချိန်တိုးပီးလိုက်ကေလေ့ မီတာခတိ ကြီးမားမှုကြောင့် ပြည်သူလူထုတိအတွက် အခက်အခဲဖြစ်နိန်ရေဆိုကေ ဒေချင့်စော် ပြောင်းလဲတိုးတက်လာရေ ကောင်းကျိုးတခုမဟုတ်ပါ။ စစ်တွေမြို့မှာဆိုကေ ကျပ်ငွေ ၂၅ကျပ်နှုန်းနန့် ၁၀ယူနစ်အထိမီတာခကိုသတ်မှတ် ထားကေလေ့ ၁၀ယူနစ် အထက်ဆိုကေ ၁ယူနစ်ကို ၄၀၀ကျပ်က ၅၀၀ကျပ်အထိ သတ်မှတ် ကောက်ခံနိန် ပါရေ။ မြန်မာနိုင်ငံက တိုင်းနန့် ပြည်နယ်တိ ထဲမှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်တေ ရခိုင်ပြည်က ပြည်သူတိအနေနန့် ဒေလောက် များလွန်းရေ မီတာခနန့် လျှပ်စစ်မီးကို ဖဖြိုးသသွယ် သုံးစွဲနိုင်ကတ်ပါဖို့လား။ တတ်နိုင်ရေ လူတစု အတွက် အဆင်ပြေစော်ရေ ရခိုင်ပြည်သူတိ အဆင်ပြေစော်မဟုတ်ပါ။ ဗမာပြည်မှာဆိုကေ ၁ယူနစ်ကို အိမ်သုံး ၂၅ကျပ်နန့် လုပ်ငန်းခွင့်သုံး ၅၀ကျပ်ဆိုပနာ သတ်မှတ်ထားပါရေ။ ဟိုတလောက လျှပ်စစ် မီးနန့်ပတ်သက်တေ သတင်းတပုဒ်ဖတ်လိုက်ရပါရေ။ ကျောက်ဖြူမြို့မှာ အစိုးရကပီးနိန်ရေ လျှပ်စစ်မီးကို ၁၈ ယူနစ်အထိ မသုံးမနိန်ရဆိုပနာ စနစ်ပြုလုပ်ထားရေလို့ သိလိုက်ရပါရေ။ ၁၀ယူနစ်အထိ ၂၅ကျပ်ဆိုကေလေ့ ၁၀ယူနစ်အထက်ကို ၁ယူနစ် ၅၀၀ကျပ် သတ်မှတ်ထားပါရေ။ ၁၈ယူနစ်အထိ မသုံးမနိန်ရဆိုပနာ သတ်မှတ် ထားရေခါ သုံးသုံးမသုံးသုံး တလကို ၅၂၅၀ကျပ်စီ ပီးနိန်ရရေအတွက် ပြည်သူတိမှာ ကကောင်း ဒုက္ခ ရောက်နိန် ကတ်ရရေလို့ ယင်းသတင်းမှာရွီးသားထားပါရေ။ ကကောင်းဒုက္ခရောက်နိန်ကတ်ဖို့ဆိုစော်က ပြောဖို့မလိုပါ။ ဇာဖြစ်လို့လဲဆိုကေ တရက်စာတရက်ရှာစားနိန်ကတ်ရရေ ဆင်းရဲတွင်းထဲက ရခိုင်ပြည်သူတိ အများကြီးပါ။ ပြောရဖို့ဆိုကေ ဒေနှစ်မြို့တည်းမဟုတ်ပါ။ တခြားတခြား ရခိုင်ပြည်က မြို့နယ် ကျေးရွာဒေသတိ မှာ ဒေပိုင် ဒုက္ခမျိုးတိ၊ ဒေထက်ဆိုးရေ ဒုက္ခမျိုးတိ အများကြီးဖြစ်ပေါ်နိန်လိမ့်မေလို့ ယုံကြည်ပါရေ။
အမှန်တကယ်အားဖြင့်ဆိုကေ ကျွန်တော်ရို့ ရခိုင်ပြည်သူတိအနေနန့် လျှပ်စစ်မီးရဟိရေးကို ပူပင်ကြောင့်ကြ စိတ်ထဲမှာတောင် ထည့်နိန်ကတ်စရာမလိုပါ။ တရုတ်၊ အိန္ဒိယ၊ ကိုးရီးယားရို့တိ အလုအယ သူရကိုယ်ရ ဆွဲငင် ယူနိန်ကတ်တေ ရခိုင်သဘာဝဓာတ်ငွေ့တိထဲက အစွန်အဖျားချေလောက်ကို ရခိုင်ပြည်မှာ သုံးစွဲပလိုက် ဖို့ဆိုကေ ရခိုင်တပြည်နယ်လုံး မီးလင်းရုံမက ချွဲတိအလုံးလုံးကျလို့ မီးခိုးအမွန်းခံပနာ ထင်းနန့်လေ့ ထမင်းချက်ပြုတ်စရာမလိုပါ။ ၎င်းချင့်အပြင် ရီအားလျှပ်စစ် ထုတ်လုပ်နိုင်ရေနေရာတိကလေ့ အများကြီး၊ ဇာဖြစ်လို့ ကိုယ်ရို့တိ၏ ပိုင်ဆိုင်မှုကို အကျိုးခံစားခွင့်လုံးဝမဟိပဲ ဖြစ်နိန်ရစော်က ဇာတွက်ပါလေ။ ဒေဂုပိုင်ဖြစ်ပေါ်နိန်စော်တိက တိုးတက်ပြောင်းလဲမှုတိလားဆိုစော်ကို စဉ်းစားကြည့်ကေ သိနိုင်ပါရေ။ ကြုံတုန်း တခုထပ်လောင်းပြောချင်ပါရေ။ စက်တင်္ဘာလ ၁၉ရက်နိက ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)က လွတ်တော်အမှတ် ဦးကျော်ကျော်က ရခိုင်ကမ်းလွန်းဒေသက တူးဖော်နိန်ရေ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပီးဖို့လားဆိုပြီးကေ အမျိုးသားလွှတ်တော်မှာ မိန်းမြန်းခပါရေ။ ယင်းချင့်ကို အမှတ်၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရခိုင်ကမ်းလွန်ဒေသ က ရနံနန့် သဘာဝဓာတ်ငွေ့တိ တူးဖော်ဖို့အတွက် ကိုးရီးယားနိုင်ငံက ဒေဝူးအိန်တာနေချန်နယ် ကော်ပိုရေးချန်းက ဦးဆောင်ပြီးကေ တရုတ်၊ အိန္ဒိယ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းရို့ အသီးသီးက လုပ်ဆောင် နိန်ကတ်စော်ကိုရာ ဖြေကြားပြီးကေ ယင်းက ရလာရေ ဓာတ်ငွေ့တိနန့် ရခိုင်ပြည်မှာ လျှပ်စစ်ဓာတ်အား ရဖို့အတွက် အသုံးပြုဖို့လို့ မပြောခပဲ ပညာသားပါပါနန့် သဘာဝဓာတ်ငွေ့တိ တွိ့ရေအခါ ရခိုင်ပြည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲဖို့ အခွင့်အလမ်းတိ ပေါ်ပေါက်လာဖို့လို့ရာ ပြောခပါရေ။ ယင်းချင့်အပြင် ရခိုင်ပြည်မှာ လျှပ်စစ်ဓာတ်အားရဟိဖို့အတွက် သူဌေးချောင်း၊ အမ်းချောင်း၊ လေးမြို့ချောင်း၊ စိုင်းဒင်ရီတံခွန် တိကို လုပ်ဆောင်နိန်ရေလို့ ဆိုပါရေ။ တကယ်လက်တွိ့မှာ အဂုအချိန်ထိ စလို့ အကောင်အထည်ဖော်စော်မဟိ သိပါ။ ဒေလောက် လျှပ်စစ်ဓာတ်အား ရဟိအောင် လုပ်ပီးဖို့ကိစ္စကိုတောင် အချိန်အကြာကြီးဆွဲထားပနာ အမျိုးမျိုးလှည့်ပတ် စကားလုံးအလှပတိသုံးနှုန်းပနာ လုပ်နိန်စော်ရေ ကျွန်တော်ရို့ ရခိုင်ပြည်သူတိကို ဇာပိုင်လူတန်းစားတရပ်အနေနန့် ခွဲခြားပနာ အုပ်ချုပ်နိန်လေဆိုစော်ကို မြင်တွိ့နိုင်ပါရေ။ ရခိုင်ပြည်နယ်အစိုးရ အနေနန့်လည်း တခုလေ့ ဖြေရှင်းလုပ်ပီးနိုင်စော် မဟိပါ။ အုပ်ချုပ်သူ ဗမာအာဏာပိုင်တိက နိုင်ငံပြုပြင်ပြောင်း လဲလာဗျာယ်ဖြစ်တေလို့ ပြောနိန်ကတ်ကေလေ့ ကျနော်ရို့ရခိုင်ပြည်သူတိအတွက် အမှန်တကယ် လိုအပ်နိန် ရေအရာတိက အကောင်းဖက်ကို ပြောင်းလဲနိန်ပါဗျာယ်လာ။ စိုင်းစားတွေးကြည့်ဖို့ လိုအပ်ပါရေ။ စစ်တပ်က ရခိုင်ပြည်သူပိုင် လယ်မြေတိကို သိမ်း၊ ပြန်ပနာ သီးစားချ။ မြစ် ချောင်း အင်းအိုင်တိကို အကွက်လိုက်ခွဲပနာ လီလံတင်ရောင်းချ။ ဒေပိုင် မတော်မတရား ဂုတ်သွီးစုပ်နိန်ရေ ဖြစ်ရပ်တိက အဂုထက်ထိ ရခိုင်ပြည်မှာ ဟိတုန်း ပါ။ ဒေပိုင်ဂုတ်သွီးစုပ်မှုတိက ရခိုင်ပြည်က လွဲကေ တခြားတနေရာမှာလေ့ မဟိပါ။ အဂုပိုင် လုပ်ရပ်တိ ကို မပြုပြင် မပြောင်းလဲပဲနန့် ရခိုင်ပြည်သူတိ ဇာပိုင်ပျင်လို့ ဆင်းရဲတွင်းထဲက ရုန်းထွက်နိန်ပါဖို့လဲ။ လလွတ်လလပ် ငါးရှာစားခွင့်လေ့မဟိဗျာယ်။ ကိုယ်ပိုင်ရေ လယ်မြေတိမှာလေ့ လလွတ်လလပ် လုပ်ပိုင်ခွင့်မဟိ။ ဒီမိုကရေစီနိုင်တော်သစ်ဆီသို့ ပြုပြင်ပြောင်းလဲနိန်ရေလို့ ဗမာအုပ်ချုပ်သူ လူတန်းစားတိက တဖွဖွ ပြောနိန်ကေလေ့ ကျွန်တော်ရို့ ရခိုင်ပြည်သူတိမှာ နဂိုအတိုင်း ဆင်းရဲတွင်း နက်သထက်နက် အုပ်ချုပ်ခံ ကျွန်သဘောက် ဘဝက လွတ်မြောက်နိုင်ခြင်း မဟိသိပါ။ နိုင်ငံသား တယောက်၏ အခွင့်အရေးဆိုစော် ထားလိုက်ပါဖိ လူသားတယောက်၏ အခွင့်အရေးဆိုစော်တောင် ကျွန်တော် ရို့မှာ မဟိပါဗျာယ်။ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်မဟိ၊ ဇာနေရာမှာမဆို စစ်တပ်က ချုပ်ကိုင်ပနာ ရခိုင်ပြည်က လုပ်ငန်းခွင်တိမှာလေ့ ဗမာလူမျိုးတိကရာ အပိုင်စီး မင်းမူနိန်စော်ကို တွိ့ရပါရေ။ ဒေချင့်တိစော် ကျွန်တော်ရို့ ရခိုင်ပြည်သူတိကို ဇာပုံစံ ဇာစနစ်နန့် အုပ်ချုပ်နိန်လေဆိုစော်ကို စိုင်းစားကြည့်ကေ သိနိုင်ပါရေ။
နောက်ထပ် ကျွန်တော် တွေးမိစော် အကြောင်းအရာတခုကို ပြောရဖို့ဆိုပါကေ အယင်က တခါလေ့ တရားဝင် ကျင်းပပြုလုပ်ခွင့် မပီးခဖူးရေ ဆရာတော် အသျှင်ဦးဥတ္တမနိ အခမ်းအနားကို ရခိုင်တပြည်နယ်လုံးမှာ စစည်ကကားကျင်းပခကတ်ပါရေ။ ပြောင်းလဲမှု တခုလို့ဆိုနိုင်ပါရေ။ ယကေလေ့ အမှန်ဆိုကေ ဆရာတော် ဦးဥတ္တမနိကို ရခိုင်ပြည်မှာသာမက ဗမာတပြည်လုံးမှာပါ ဗမာအုပ်ချုပ်သူတိက ဦးဆောင်ပနာ ကျင်းပသင့်ပါရေ။ ဆရာတော်နိ အခမ်းအနားလုပ်ဖို့ အတွက် စာတင်ပနာ လျှောက်စရာတိမလိုပါ။ ယင်းနိစော် ရုံးပိတ်၊ ကျောင်းပိတ်ရက် တရက် ဖြစ်နိန်ရပါဖို့။ ဇာဖြစ်လို့ဆိုကေ ဆရာတော်ဦးဥတ္တမစော် သခိုး၊ ဓါးမြရမဟုတ်ပါ။ ရခိုင်ပြည်အပါအဝင် ဗမာတပြည်လုံး ဗြိတိသျှကိုလိုနီလက်အောက်ကို ကျရောက်နိန်ရေအချိန်မှာ ရခိုင်လူမျိုးတခုတည်းအတွက် လူမျိုးစွဲမထားပဲ ဗမာတပြည်လုံးကပြည်သူတိ လွတ်မြောက်ဖို့အတွက် မကြောက်တရားဟောပနာ အိပ်မောကျနိန်ရေ ပြည်သူတိကို နိုင်ငံရေးမျက်လုံးဖွင့်ပီးခရေပိုင် လွတ်လပ်ရေး မျိုးစိချပီးခသူလေ့ ဖြစ်ပါရေ။ ဒေချင့်ကို ကျနော်ရို့ ရခိုင်ပြည်သူတခုတည်းသိစော်မဟုတ်ပါ။ အုပ်ချုပ်သူ ဗမာလူတန်းစားတိလေ့ သိပါရေ။ အဂုပိုင် နိုင်ငံအတွက် လွတ်လပ်ရေးမျိုးစိချပီးခရေ ပုဂ္ဂိုလ်မျိုးကို အသိမှတ်ပြုခြင်းမဟိ၊ ဆရာတော်ကို တန်ဖိုးမထားစော်ရေ ဆရာ တော်စော် ရခိုင်လူမျိုးဖြစ်နိန်လို့ပါ။ ကျွန်တော်ရို့ ရခိုင်လူမျိုးကို အသိအမှတ်မပြုဆိုရေ သဘောလေ့ သက် ရောက်ပါရေ။ ယင်းတွက် ဒေဂုပိုင် ကျင်းပခွင့်ပြုပီးစော်ရေ ရခိုင်တိကို ချစ်လို့၊ သံယောဇဉ်ဟိလို့ မဟုတ် တေပိုင် ကကောင်းအများကြီး ပြုပြင်ပြောင်းလဲမှုမဟုတ်ပါ။ ဖြစ်သင့်စော်တိထဲက မပြောလောက်စရာ အစိတ် အပိုင်းတခုရာ ဖြစ်ပါရေ။ အဂုလေ့ကြည့်ပါ UNSCO ကမ္ဘာ့အမွေအနှစ် မြို့ဟောင်းများ စာရင်းထဲမှာ ဗိဿနိုး၊ ဟန်လင်း၊ သရေခတ္တရာမြို့ ၃မြို့ကို ထည့်ပီးဖို့အတွက် တောင်းဆိုထားရေလို့ စက်တင်္ဘာလ ၂၀ရက်နိက ကျင်းပရေ ပြည်သူ့လွှတ်တော် အစည်းဝေးမှာ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားလားခပါရေ။ ယင်းမြို့တိထက် ရာစုများစွာ ရှေးကျရေ ရခိုင်ဓညဝတီမြို့တော်ဟောင်းကိုကျကေ ဒေအတိုင်း မိန့်ဖျောက်ထားပါရေ။ ဒေပိုင် ဒီမိုကရေစီစနစ်ကို အကောင်းအထည်ဖော်နိန်ပါရေလို့ ပြောနိန်ကတ် တေ ဗမာအုပ်ချုပ်သူတိက လူမျိုးကြီးဝါဒီ ကို စွဲကိုင်ပနာ ရခိုင်ရို့၏ အမျိုးသားရေးလက္ခဏာတိကို ကမ္ဘာ့မြေပုံထဲ က ဖျက်ဆီး ဖျောက်ဖျက်ဖို့ ကြိုးစားနိန် စော်ရေ ရခိုင်ရို့၏ အနာဂတ်အတွက် ရင်လီးစရာပါ။
ယင်းတွက်နန့် ဇာလောက်မဆို ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နိန်ရေလို့ပြောပြော ရခိုင်လူမျိုး ရို့၏ လက်ထဲမှာ အာဏာဆိုရေ လက်နက်မဟိသရွိ့ ရခိုင်ပြည်သူရို့၏ ဘဝစော် ဒေထက် ဆိုးသထက်ဆိုး လားဖို့စော်ရာ ဟိပါ ဖို့။ တကယ်တမ်း ဒီမိုကရေစီစနစ်ကြီး ပြောင်းလဲလားခရေဆိုကေတောင် ရခိုင်ပြည်သူတိ အတွက် အဓိပ္ပါယ် မဟိရေ ပြောင်းလဲမှုမျိုးဆိုကေ ကျွန်သက်ဆက်လားဖို့စော်ရာ ဟိပါဖို့ တခြားမဟိရေအတွက် လူများအော်တိုင်း ယောင်ပနာ လိုက်အော်နိန် သင့်လာ မသင့်လာဆိုစော်ကို စဉ်းစား ကြည့်ကတ်ပါ။ ယင်းအတွက်နန့် လူမျိုးခြား အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ကြာလာသည်နန့်အမျှ ရခိုင်ပြည်သူတိ၏ အသိစိတ်တိကို ဆက်လို့ အိပ်မောမကျစီချင်ပါ။ အတိတ်နန့် ပစ္စုပ္ပန်ကို ချင့်ချိန် သုံးသပ်ပနာ အနာဂတ်မှာလေ့ ရခိုင်ပြည်သူတိ ဒေအတိုင်း ဆက်လို့ နိန်သင့်၊ မနိန်သင့်ကို စိုင်းစားတွေးကြည့်ကတ်ဖို့ လိုအပ်ပါကြောင်း။ ။
မင်းအိမ်စံ (ရခိုင်မြီ)
30-9-2011








